Skip to main content

Posts

Featured

ချမ်းသာဖို့အတွက် အရှင်းလင်းဆုံး လမ်းကြောင်း

    " ပိုက်ဆံအကြောင်း စဉ်းစားရင် ခေါင်းကိုက်တယ်၊ ရင်းနှီးမြှုပ်နှံမှုဆိုတာ သူဌေးတွေမှ လုပ်တာပါကွာ " လို့ မိတ်ဆွေတို့ ထင်နေတာလား ? တကယ်တော့ ဒီစာအုပ်ကို ရေးတဲ့ JL Collins က သူ့သမီးလေး ပိုက်ဆံကြောင့် ဘဝမှာ ဒုက္ခမရောက်ရအောင်၊ ရှုပ်ရှုပ်ထွေးထွေးတွေ မလုပ်ဘဲ အေးအေးဆေးဆေးနဲ့ ချမ်းသာသွားအောင် ရည်ရွယ်ပြီး ရေးထားတာပါ။ ဒီစာအုပ်ရဲ့ အဓိက သော့ချက်က " ရင်းနှီးမြှုပ်နှံမှုဆိုတာ ရိုးရှင်းလေ၊ အောင်မြင်လေပဲ " ဆိုတာပါ။ ရှုပ်ထွေးတဲ့ stock တွေ၊ trading တွေ လိုက်လုပ်နေမယ့်အစား တကမ္ဘာလုံးက အကောင်းဆုံး ကုမ္ပဏီတွေမှာ အစုရှယ်ယာ ဝင်ထားသလိုမျိုး ဖြစ်စေမယ့် Index Fund တွေကိုပဲ အသုံးချဖို့ သူက လမ်းညွှန်ထားပါတယ်။ ၁။ အကြွေးဆိုတာ ရန်သူ အကြွေးရှိနေရင် မိတ်ဆွေက သူများရဲ့ ကျွန်ပဲ။ အတိုးနှုန်းများတဲ့ အကြွေး ( ဥပမာ - Credit Card ၊ လစာထုတ်ချေးငွေ ) တွေဟာ မိတ်ဆွေကို ဘယ်တော့မှ မချမ်းသာအောင် ပိတ်ပင်ထားတာ။ အရင်ဆုံး အကြွေးတွေ အကုန်ဆပ်ဖို့ သူက တိုက်တွန်းထားတယ်။ ၂။ F-You Money ( လွတ်လပ်ခွင့် ရန်ပုံငွေ ) ဒါက ဒီစာအုပ်ရဲ့ နာမည်ကြီး term တ...